ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ သဲဖြူချောင်းကျေးရွာ၊ ပဏ္ဍိတာရာမ ဆယ်မိုင်ကုန်းတောစခန်းရိပ်သာ (၂၅) နှစ်ပြည့် ငွေရတုအထိမ်းအမှတ် စာစောင်အတွက် စာမူဖိတ်ခေါ်ခြင်း

+951 535 448

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ သဲဖြူချောင်းကျေးရွာ၊ ပဏ္ဍိတာရာမ ဆယ်မိုင်ကုန်းတောစခန်းရိပ်သာ (၂၅) နှစ်ပြည့် ငွေရတုအထိမ်းအမှတ် စာစောင်အတွက် စာမူဖိတ်ခေါ်ခြင်း

new 03 big

ပဏ္ဍိတာရာမ ရွှေတောင်ကုန်းဆရာတော်ဘုရားကြီးသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ သဲဖြူချောင်းကျေးရွာ၊ ပဏ္ဍိတာရာမ ဆယ်မိုင်ကုန်းတောစခန်းရိပ်သာကြီးကို တည်ထောင်၍ မြတ်ဗုဒ္ဓနည်းကျ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ကြီး၏ သြဝါဒတော်အတိုင်း သာသနာ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လာခဲ့သည်မှာ ငွေရတုတိုင်ပါတော့မည်။

ဓမ္မရသ ဓမ္မသြဇာများ သောက်သုံးခွင့်ရခဲ့ကြသူ ပဏ္ဍိတာရာမ ဓမ္မသွေးဆက်စပ်ခဲ့ကြဖူးသော ရဟန်း၊ ရှင်၊ လူ ယောဂီများ၊ ဗုဒ္ဓယဉ်ကျေးမှုသင်တန်းသား/သူများနှင့် ကာယအား၊ ဉာဏအား၊ ဓနအားတို့ဖြင့် ချီးမြှင့် ထောက်ပံ့ခဲ့ကြသော အသိပညာရှင်၊ အတတ်ပညာရှင်များထံမှ စာမူများကို ဖိတ်ခေါ်ကြိုဆိုလျက်ရှိပါသည်။

ပဏ္ဍိတာရာမ ရွှေတောင်ကုန်းဆရာတော်ဘုရားကြီးနှင့် ဆယ်မိုင်ကုန်း တောစခန်းရိပ်သာ၏ ဗုဒ္ဓ သာသနာတော် ကြီးပွားတိုးတက်ရေးနှင့်သက်ဆိုင်သော ဆောင်းပါး၊ ဝတ္ထုတို၊ ကဗျာများရေးသားပြီး

- ကဗျာစာမူဖြစ်လျှင် A4 (၁) မျက်နှာအတွင်း
- ဆောင်းပါး၊ ဝတ္ထုတိုစာမူဖြစ်လျှင် A4 (၅) မျက်နှာအတွင်း (လက်ရေးမူ (၈)မျက်နှာခန့်)
- Microsoft Word format ဖြင့် Zawgyi-one, font size-12 ဖြင့် စာမျက်နှာတစ်ဖက်တည်းတွင် ကလောင်အမည် ၊ အမည်အရင်း၊ ဆက်သွယ်ရန်လိပ်စာ၊ စာမူအမျိုးအစားနှင့် ၊ ကိုယ်တိုင်ရေးစာမူဖြစ်ကြောင်း  ထောက်ခံချက်များ ပါရှိစေလျက် ရေးသားပေးပို့နိုင်ပါသည်။

စာမူနောက်ဆုံးပေးပို့ရက် - ၁၃၇၉-ခုနှစ်၊ သီတင်းကျွတ်လဆန်း (၁ဝ) ရက်၊
၂ဝ၁၇-ခုနှစ်၊ စက်တင်ဘာလ ၃ဝ-ရက်၊ (စနေနေ့)
ပေးပို့ရမည့်လိပ်စာများ - ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အမှတ် ၈ဝ-(က)၊ သံလွင်လမ်း၊
ပဏ္ဍိတာရာမ ရွှေတောင်ကုန်းသာသနာ့ရိပ်သာ၊
ဖုန်း / +959 798261123 – +959 799225424
- ပဲခူးမြို့၊ သဲဖြူချောင်းကျေးရွာ၊ ပဏ္ဍိတာရာမ ဆယ်မိုင်ကုန်း တောစခန်းရိပ်သာ ၊
နာယက အင်္ဂလန်ဆရာတော်၊ ဖုန်း / +959 795320969. +959 971965650
- This email address is being protected from spambots. You need JavaScript enabled to view it. အထံသို့ ပေးပို့နိုင်ကြပါသည်။

 

jQuery(document).ready(function() { jQuery(".zo2-sticky").sticky({topSpacing:0}); });