The Intention of the Buddhist Culture Course

+951 535 448

The Intention of the Buddhist Culture Course

1. So that faith in the Buddha's teachings can develop and become strong from childhood.

2. So that one can become a real, practicing Buddhist, and not just a Buddhist by name.

3. So that the blood of Buddhist culture will continuously circulate.

4. So that after possessing good personal behavior and honesty, one can become a civilized, well-behaved young adult.

5. So that after learning fundamental social responsibilities and basic conduct, the younger generation can develop and flourish, and be able to create a peaceful and pleasant society.

6. So that new generations with the strong ability to defend the Buddha's teachings
can continuously appear.

7. So that a new generation, who can value their own religion, and who can defend and protect it, will develop, flourish and spread.

8. A country can prosper and reach a high standard only if its people are good.
So that, for the sake of the future of Myanmar and the Buddha's dispensation, a
new generation of good and virtuous people can arise.

Panditarama Sayadawgyi, with great foresight, holds Buddhist Culture Training courses
every year during school holidays and on Uposatha days during Vassa, in centers in Yangon and in branch centers outside the city, to teach children and young adults the theory and practice of Buddhism.

ပြည့်စုံရမည့် အရည်အချင်းများ ………………

၁။ ခြေလက် အင်္ဂါပြည့်စုံရမည်။
၂။ ကူးစက်တတ်သော အနာရောဂါများ ကင်းရမည်။
၃။ သင်တန်းကာလပြီးဆုံးအောင် တက်ရောက်နိုင်သူ ဖြစ်ရမည်။
၄။ အသက် – အငယ်တန်း(၉)နှစ်မှ (၁၂) နှစ်အထိ။
အလတ်တန်း(၁၃)နှစ်မှ (၁၅) နှစ်အထိ။
အကြီးတန်း(၁၆)နှစ်မှ (၁၈) နှစ်အထိ။
အထူးတန်းတွင် အကြီးတန်းသင်ယူဖူးသူ(သို့မဟုတ်) တက်ရောက်နိုင်သည့် ဘာသာရေး ဗဟုသုတရှိသူဖြစ်ရမည်။
၅။ အနည်းဆုံး ပညာအရည်အချင်း(၄)တန်း ဖြေဆိုပြီးဖြစ်ရမည်။

စာရင်းသွင်းရန် ------

နယ်ဝေးလက်ခံရက်------၃-၂-၂၀၁၈(စနေနေ့)
ရန်ကုန်လက်ခံရက်------၄-၂-၂၀၁၈(တနင်္ဂနွေနေ့)နံနက်ပိုင်း ပဏ္ဍိတာရာမ ရွှေတောင်ကုန်းသာသနာ့ရိပ်သာ သင်တန်းနည်းပြ သံဃာတော်များထံ စာရင်းပေးသွင်းနိုင်ကြပါပြီ။
မှတ်ချက်။ ။စာရင်းပေးသွင်းသောအခါ သင်တန်းသား ကိုယ်တိုင်ကျောင်းသားကဒ်ပြား ယူဆောင်လျက် လာရောက်အပ်နှံရပါမည်။

သင်တန်းသို့ လာရောက်ကြသောအခါ -------

၁။ ၁၃၇၉-ခုနှစ်၊ တပေါင်းလပြည့်ကျော်(၃)ရက်၊ ၄-၃-၂၀၁၈(တနင်္ဂနွေနေ့)၊ )၁၂)နာရီ အရောက်လာကြပါရန်။
၂။ ဦးခေါင်းရိတ်ခဲ့ကြရန်(လုံချည်အစိမ်း၊ အင်္ကျီအစိမ်း၊ အင်္ကျီအဖြူဝတ်ခဲ့ကြရန်)။
၃။ ဇွန်း၊ ခက်ရည်း၊ လက်သုတ်ပုဝါ၊ ကတ်ခွက်၊ စာရေးကိရိယာ၊ အိပ်ယာလိပ်များ ယူခဲ့ကြရန်။
၄။ သင်တန်းကာလအတွင်း ရိပ်သာမှ တစ်ခါသုံးဓားဖြင့် ရိတ်ပေးပါမည်။
၅။ တန်ဖိုးကြီးသော ပစ္စည်းအသုံးအဆောင်များ ယူမလာကြရန်။
၆။ ဖုန်းအစရှိသော အီလက်ထရောနစ် ပစ္စည်းများ ယူမလာကြရန်။

စာရင်းသွင်းပြီးသော သင်တန်းသား/သူများသည် အောက်ပါပစ္စည်းများကို ကြိုတင်မှာယူ ငွေသွင်းရမည်။

၁။ ရဟန်းဝတ်သင်္ကန်း ၁၂၀ဝ၀ိ/-
၂။ ရှင်ကြီးဝတ်သင်္ကန်း ၁၀၅၀ဝိ/-
၃။ ရှင်လတ်ဝတ်သင်္ကန်း ၉၅၀ဝိ/-
၄။ ရှင်ငယ်ဝတ်သင်္ကန်း ၈၅၀ဝိ/-
၅။ စတီးသပိတ်များကိုကျောင်းမှထုတ်ပေးပါမည်။
၆။ ခါးပန်းကြိုး(ယိုဒယား) ၁၀ဝ၀ိ/-
၇။ ဆွမ်းစရိတ် ၂၀ဝ၀ိ/-
၈။ သိက္ခာရှင် ဝတ်စုံ ဆိုဒ်-၂၂ ၉၀ဝ၀ိ/-
၉။ သိက္ခာရှင် ဝတ်စုံ ဆိုဒ်-၂၄ ၉၅၀ဝိ/-
၁၀။ သိက္ခာရှင် ဝတ်စုံ ဆိုဒ်-၂၆ ၁၀ဝ၀ဝိ/-
၁၁။ သိက္ခာရှင် ဝတ်စုံ ဆိုဒ်-၂၇ ၁၀၅၀ဝိ/-
၁၂။ သိက္ခာရှင် ဝတ်စုံ ဆိုဒ်-၂၉ ၁၁၀ဝ၀/-

တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် သင်တန်းသားများ (၁၇.၃.၂၀၁၈) တစ်ရက်တည်းသာ သာမဏေ/သိက္ခာရှင် ဝတ်ပေးပါမည်။ (နေ့ ၁၂းဝ၀-နာရီအရောက်)

သင်တန်းနေ့ရက်များ

သင်တန်းကာလ....

၁၃၇၉-ခုနှစ်၊ တပေါင်းလပြည့်ကျော်(၃)ရက်(၄-၃-၂၀၁၈) တနင်္ဂနွေနေ့မှ
၁၃၇၉-ခုနှစ်၊ နှောင်းတန်းခူးလပြည့်ကျော်(၁)ရက်(၁-၄-၂၀၁၈) တနင်္ဂနွေနေ့အထိ

သင်္ကန်းဝတ်ရက် နှင့် သင်တန်းဖွင့်ရက်....

၁၃၇၉-ခုနှစ်၊ တပေါင်းလပြည့်ကျော်(၃)ရက်(၄-၃-၂၀၁၈) တနင်္ဂနွေနေ့

ဆုနှင်းသဘင်နေ

၁၃၇၉-ခုနှစ်၊ နှောင်းတန်းခူးလပြည့်ကျော်(၁)ရက်(၁-၄-၂၀၁၈) တနင်္ဂနွေနေ့

သင်ယူရမည့် သင်ခန်းစာများ

ဤသင်တန်းတက်ရောက်သည့် ကိုရင်၊ သိက္ခာရှင်များသည် နံနက်(၄)နာရီ အိပ်ယာမှ ထပြီး ည(၉)နာရီ အိပ်ယာ မဝင်မီ အချိန်အတွင်း ဘုရားဝတ်တက် တရားထိုင်ချိန်(၂)ကြိမ်၊ စာသင်ချိန်(၅)ကြိမ်၊ သြဝါဒခံယူချိန်(၁)ကြိမ်၊ ဗုဒ္ဓယဉ်ကျေးမှုတို့ကို စာတွေ့ လက်တွေ့ သင်ယူလိုက်နာကြရမည်။

ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလ၊ ရှင်ကျင့်ဝတ်များ၊ သြကာသကန်တော့ခန်းအဓိပ္ပါယ်၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်၊ ဒုစရိုက်၊ သုစရိုက်၊ ပုညကြိယာဝတ္ထု၊ (၃၈) ဖြာ မင်္ဂလာ၊ မေတ္တာအကြောင်း၊ သတိပဋ္ဌာန်အကြောင်း၊ သိင်္ဂါလောဝါဒ၊ ဒါရကောဝါဒ၊ အသောက ကျောက်စာ၊ ကိုယ်ကျင့်အဘိဓမ္မာ၊ သလ္လေခသုတ် စသော သင်ခန်းစာတို့ကို သင်ယူကြရပြီး အပတ်စဉ်စာမေးပွဲ(၄)ကြိမ်ဖြေဆိုကြရပါမည်။

ဆင်းရဲနွမ်းပါးသော ကလေးငယ်လေးများ သာသနာ့ဘောင်ဝင်၍ သင်တန်းတက်ရောက်နိုင်ရေးအတွက် ရှင်ဒကာအဖြစ် ခံယူလိုပါက တစ်ပါးလျှင် နှစ်သောင်းကျပ်နှုန်းဖြင့် လှူဒါန်းနိုင်ပါသည်။

jQuery(document).ready(function() { jQuery(".zo2-sticky").sticky({topSpacing:0}); });